svOQrU.png

အသစ်တင်ထားသောPostများ

Saturday, December 31, 2016

Blogger များမိမိဘလော့ တွင် Wrench Icons များဖယ်ရှားနည်း

အပေါ်ဆုံးမှာပါရှိသည့် ရည်ရွယ်ချက် နှင့် ဆက်သွယ်ရန် ကိုအရင်ဖတ်ပေးပါ
Blogger.com ဖြင့် တည်ဆောက်ထားသော Blog များတွင် Wrench Icons များသည် မိမိရဲ့ Blog ကို Professional Blog အဖြစ် မဖြစ်စေဘဲ မလှမပနှင့် အကျည်းတန်လှပေသည်။

ကျွန်တော် အခုရေးပေးမဲ့ အကြောင်းအရာကတော့ သိပြီးသား ဆရာများအတွက် ဘာမှ မဟုတ်ပေမဲ့
မသိသေးတဲ့ လိုအပ်နေသော Blogger များအတွက်ပဲဖြစ်ပါသည်။


ဒါကတော့ ထည့်ထားတဲ့ Gadget တွေတစ်ခုခြင်းစီရဲ့  Wrench Icons တွေပဲဖြစ်ပါသည်။


သူကိုဖယ်ရှားဖို့အတွက် CSS codes ဖြင့် Blog Template ပြင်ခြင်းဖြင့် ရနိုင်ပါသည်။

Blog Template ကိုဝင်ရန် Blogger.com တွင် မိမိရဲ့ Blog gmail ဖြင့်ဝင်ပြီး မိမိ Blog ကို ဖွင့်လိုက်ပါ။ ပြထားသည့် Template ထဲသို့ဝင်လိုက်ပါ။


Template ထဲသို့ ရောက်လျှင် ပြထားသည့် Edit HTML ကိုနှိပ်လိုက်ပါ။

Template Edit လုပ်ရန်အတွက် ပေါ်လာပါမည်။ ထို Template xml codes များထဲတွင် mouse တစ်ချက်နှိပ်ပြီး Ctrl+F ကိုနှိပ်လိုက်ပါ။ Search Box ပေါ်လာပါက </b:skin> ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ပုံပါအတိုင်း xml codes များထဲမှ  </b:skin> ကိုတွေ့ရပါမည်။

ထို </b:skin> ၏ အပေါ်တွင် .quickedit{display:none;} ကို ထည့်ပေးရပါမည်။ အောက်တွင်ပြထားသည့်အတိုင်းဖြစ်ပါမည်။
ဒါဆိုရင် Save Template ကိုနှိပ်ထွက်လိုက်ပြီး မိမိ Blog ကိုဖွင့်ကြည့်ပါ။ Wrench Icons အားလုံးပျောက်သွားမည့်ဖြစ်ပါသည်။





သင်အဆင်ပြေသွားလျှင်အခြားသူအတွက်ပြန်လည်Shareပေးပါ

Myanmar Blogger Guide

No comments:

Post a Comment

29.12.2016နေ့တွင်စတင်ဖွင့်လှစ်သည်။Designed and Published..MM BLOGGER GUIDE